ထိုင်ဝမ်သမ္မတ၏ခရီးစဉ်အပေါ် တရုတ်၏ လက်တုံ့ပြန်မှုများသည် အမေရိကန်၏မူဝါဒကို ပြောင်းလဲစေမည်မဟုတ်ဟု အမေရိကန်ထိပ်သီးသံတမန်က ပြောကြား
ထိုင်ဝမ်သမ္မတ၏ အမေရိကန်ခရီးစဉ် နှင့်ပတ်သက်ပြီး တရုတ်၏ လက်တုံ့ပြန်မှုများ သည် အမေရိကန်၏ မူဝါဒကို ပြောင်းလဲစေလိမ့်မည်မဟုတ်ဘဲ ယင်းခရီးစဉ်သွားရောက်မှုများသည် အသစ်အဆန်းမဟုတ်ကြောင်း အမေရိကန် ထိပ်သီးသံတမန်တစ်ဦးက မတ် လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။