လေထုညစ်ညမ်းမှုများ မြင့်တက်နေသည့် ထိုင်းတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နှင့် ၁၀ဝ ကီလိုမီတာ (မိုင် ၆၀) ခန့်အကွာအဝေးတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရာနှင့် ချီသည့် မီးသတ်သမားများက တောမီးကို ငြှိမ်းသတ်ခဲ့ကာ ယခုနှစ်အတွင်း လူပေါင်း ၁ ဒသမ ၇ သန်းကို နာမကျန်းဖြစ်စေခဲ့သည့် လေထုညစ်ညမ်းမှုအခြေအနေကို အာဏာ ပိုင်များက ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် ယင်း တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။