ကြက်သွန်နီဈေး တစ်လအတွင်း တစ်ပိဿာကျပ် ၃၀၀ခန့် ကျဆင်းနေ

ကြက်သွန်နီဈေး တစ်လအတွင်း တစ်ပိဿာကျပ် ၃၀၀ခန့် ကျဆင်းနေ
Published 1 April 2023

တရုတ်ဘက် တင်ပို့ရောင်းချနေသည့် ကြက်သွန်နီဈေး တစ်လအတွင်း တစ်ပိဿာကျပ် ၃၀၀ခန့် ကျဆင်းနေ

လက်ရှိ မြဝတီကိုတင်ပို့နေတဲ့ ကြက်သွန်တွေကို တရုတ်ဘက်ကို အပြိုင်တင်ပို့လာမှုတွေကြောင့် တရုတ်ဘက် တင်ပို့ ရောင်းချနေတဲ့ ကြက်သွန်နီဈေးဟာ တစ်လအတွင်း တစ်ပိဿာ ကျပ် ၃၀၀ ခန့်ကျဆင်းနေပြီး မြင်းခြံ၊ တောင်သာ၊ ဆိတ်ဖြူ၊ ပခုက္ကူ၊ ဝမ်းတွင်း စတဲ့နယ်တွေကနေ သင်္ကြန်ပြီးနောက်ပိုင်း နယ်ပေါင်းစုံကနေ နွေကြက်သွန်တွေ ပေါများစွာ ထွက်လာ မှာဖြစ်တာကြောင့် တောင်သူတွေ ကြက်သွန်ထိန်းမရောင်းပါက ကြက်သွန်ဈေးဆက်လက်ကျဆင်းနိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီး စားဖိုဆောင်သီးနှံ စိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနာယကဦးစိုးညွန့်က ပြောကြားပါတယ်။

Most Viewed

Most Recent