သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေဖြင့် စွဲချက်တင်ခံရမှုကြောင့် အံ့ဩတုန်လှုပ်ခဲ့သော်လည်း စွဲချက်အားလုံးကိုရင်ဆိုင်ရန် အသင့် ရှိနေပြီဟု ဆို
သမ္မတဟောင်း ဒေါ်နယ်ထရန့် သမိုင်းတွင်မယ့် စွဲချက်တင်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ၎င်းအနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့စေ ဖို့အတွက် အပြစ်ရှိကြောင်း ထွက်ဆိုဖို့ ညှိနှိုင်းမှာမဟုတ်ဘဲ စွဲချက်အားလုံးကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြောင်း ၎င်းရဲ့ ဥပဒေ အကြံပေးအဖွဲ့က မတ်လ ၃၁ ရက်က ပြောကြားခဲ့ပါတယ်။