မတ် ၃ ရက်နေ့ နံနက်ခင်းသတင်း အစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
■ သုံးနှစ်တာကာလအတွင်း ပုဂ္ဂလိကဘဏ်များ၏အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ ချေးငွေသည် ၇ ဒသမ ၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
■ ရေးမြို့နယ်၊ အောင်သာယာကျေးရွာအနီး သံဖြူဇရပ် - ရေး ကားလမ်းဘေးတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိ
■ ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အမျိုးသားနှစ်ယောက်တွဲ ဆိုင်ကယ်မစီးရဟု ဗီနိုင်းဆိုင်းဘုတ် ကပ်ထား
■ မြောက်ကိုရီးယား၏နျူကလီးယားစက်ရုံတွင်လှုပ်ရှားမှုများမြင့်တက်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြနေဟု အမေရိကန် ကျွမ်းကျင်ပညာရှင်အဖွဲ့ ပြောကြား
■ အီကွေဒေါတွင် မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာ
■ တာလီဘန်အစိုးရက အာဖဂန်အမျိုးသမီးများ ဖွင့်လှစ်ထားသည့် ရေဒီယိုဌာနကို ပိတ်သိမ်း
■ ကစားသမားဘဝကုန်ဆုံးခါနီးတွင် မေဂျာလိဂ်သို့ မက်ဆီ ပြောင်းရွှေ့ကစားမည်