ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များက မားဘာ့ဂျ်ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကို ပိုမိုဆိုးရွားနိုင်ဟု ကျွမ်းကျင်သူများ ပြောကြား
အာဖရိကမှာ ဒုတိယမြောက်နိုင်ငံအဖြစ် တန်ဇန်နီးယားမှာ မကြာသေးမီက သေဆုံးမှုနှုန်းမြင့်မားတဲ့ မားဘာ့ဂျ်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေကို တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဟာ ကူးစက်မှုဖြစ်စဉ် တွေကို ပိုမိုမြင့်တက်လာနိုင်တဲ့အပေါ် ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေက စိုးရိမ်လျက်ရှိကြပါတယ်။