ဧပြီ ၆ ရက် နံနက်ခင်းသတင်း အစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
■ မြန်မာ-ထိုင်း နယ်စပ် ရွှေကုက္ကိုလ်ဒေသတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို ထွက်ပြေး
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၄ သန်းနီးပါးရှိလာ
■ ပခုက္ကူမြိုနယ်၊ ပခုက္ကူ-ကျောက်စရစ်ကန်သွားကျေးရွာချင်းဆက်လမ်း၌ မော်တော်ယာဉ်တစ်စီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး သံဃာတော် တစ်ပါးနှင့် အရပ်သား သုံးဦး ဒဏ်ရာရရှိ
■ Online စနစ်ဖြင့် ပညာသင်ကြားသည့် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံအပါအဝင် ၁၅ ဦးအား ဖမ်းမိကြောင်း ထုတ်ပြန်
■ တရုတ်၏ ခြိမ်းခြောက်မှုများရှိနေသည့်တိုင် ထိုင်ဝမ်သမ္မတက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ
■ အီရန်တွင် ဆန္ဒပြမှုဖြိုခွင်းမှုအတွင်း လူ ၅၃၇ ဦးထက်မနည်းသေဆုံးဟု လူ့အခွင့်အရေးအဖွဲ ပြောကြား
■ ခေါ်ယူလိုသည့် အသင်းအချိုရှိနေသော်လည်း လာမည့်နွေရာသီမှသာ ဂရေဟမ်ပေါ်တာ အသင်းသစ် ရှာဖွေဖွယ်ရှိ