တောင်ကိုရီးယားက COVID-19 အတွက် မိလ္လာနမူနာများကို စမ်းသပ်စစ်ဆေးမည်
တောင်ကိုရီးယားက COVID-19 ကူးစက်ပျံ့နှံ့မှုကို ခြေရာခံရန်နှင့် အနာဂတ်ကူးစက်မှုလှိုင်းများကို ဖော်ထုတ်နိုင်ရန် ၎င်း၏ အဓိကမြို့ကြီးများနှင့် မြို့နယ်များက ထွက်ရှိလာသော မိလ္လာများကို ယခုလမှ စတင်၍ အပတ်စဉ် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။