ဧပြီလ ၇ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ နိုင်ငံတော်အစိုးရကိုယ်စားပြုကျင်းပမည့် သင်္ကြန်ပွဲတော်ဖျော်ဖြေမှုများတွင် တေးသီချင်းများကို မူပိုင်ခွင့်အခမဲ့ဖြင့် သုံးစွဲခွင့်ပြုရန် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်
■ တောင်ငူတွင် ညအချိန်မတော်ဆောင်းဘောက်ဖွင့်သည်ဟုဆိုကာ သွားရောက်တားမြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အရိုက်ခံရပြီး လူငယ်သုံးဦးအား အမှုဖွင့်ဖမ်းဆီးထား
■ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ဖောက်ခွဲဖျက်ဆီးခံရမှု ၂၂၉ ကြိမ်ရှိ
■ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယားစစ်ပွဲဖြစ်လုဆဲဆဲ အခြေအနေဆီ သို့ တွန်းပို့နေသည်ဟု မြောက်ကိုရီးယားစွပ်စွဲ
■ အနောက်နိုင်ငံကြီးများ ညွန့်ပေါင်းဖွဲ့၍ ယူကရိန်းကို စစ်လေယာဉ်များပံ့ပိုးရေး ကူညီရန် ပိုလန်ကို ဇယ်လန်းစကီး တောင်း ဆို
■ ဖြူထိုင်းပါတီက သက်ဆင်၏သမီးဖြစ်သူ ပါအယ်ထုံထန်ရှင်နာဝပ်ကို ပါတီကိုယ်စားပြုဝန်ကြီးချုပ်လောင်းအဖြစ် အတည် ပြု
■ နယူးကာဆယ်ကိုကျော်ပြီး ယူနိုက်တက်နှင့် လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ရွန်နီ ခန့်မှန်း
ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။