ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပုဒ်မသုံးခုဖြင့် မြစ်ကြီးနား အကျဉ်ထောင် အထူးတရားရုံးက ထောင်ဒဏ် ခြောက်နှစ် ချမှတ်
မြစ်ကြီးနားအကျဉ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပုဒ်မသုံးခုနဲ့ မြစ်ကြီးနား အကျဉ်ထောင် အထူးတရားရုံးက ဧပြီ ၇ ရက် မနက်ပိုင်းက ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း သူ့ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။