ဒုံးကျည်ဖြင့်တိုက်ခိုက်သော လက်ဘနွန်နှင့်ဂါဇာကမ်းမြောင်တို့ကို အစ္စရေးကဒုံးကျည်အပါအဝင် လက်နက်ကြီးများဖြင့်ပြန်၍ တိုက်ခိုက်
အစ္စရေးက ဧပြီ ၇ ရက် အရုဏ်မတက်မီ ဂါဇာကမ်းမြောင်နဲ့ လက်ဘနွန်တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ယင်း နယ်မြေနှစ်ခုစလုံးကနေပြီး အစ္စရေးထံပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေအတွက် လက်စားချေတဲ့အနေနဲ့ ပါလက်စတိုင်းစစ်သွေးကြွ အုပ်စု ဟားမာ့စ်ကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။