ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်သူ မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ရှိပြီး ၁၀၀၀ ကျော်သာ နေရပ်ပြန်နိုင်ကာ အများစုမှာ မပြန်နိုင် သေးကြောင်း သိရ
မြန်မာ - ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်လာသူ ၈၀၀၀ ကျော်အထိရှိခဲ့ပြီး ဧပြီ ၉ ရက်က မြန်မာစစ်ဘေးရှောင် ၁၀၀၀ ကျော်နေရပ်ကို ပြန်ကြပေမယ့်လည်း အများစုမှာ မပြန်နိုင်သေးဘူး လို့ သိရပါတယ်။