ဧပြီ ၂၄ရက်နေ့ နံနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
■ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၁၅၀၀ ရှိရန် ရည်မှန်းထားသော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးချိန် တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၇၄ သန်းကျော်အထိဖြစ်ပေါ်
■ တာမွေမြို့နယ် မြို့သစ် ၂ လမ်းရှိ နေအိမ်တိုက်ခန်း မီးလောင်မှုဖြစ်ပွား
■ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှု ပြိုင်ပွဲ၌ လှည်း (၃) စီးသာ ဝင်ရောက်ယှဉ်ပြိုင်
■ ဆီးရီးယားနိုင်ငံတွင် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်
■ ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်များတွင် တင်းမာမှုများမြင့်တက်နေမှုအပေါ် စိုးရိမ်ကြောင်း ဖိလစ်ပိုင်က တရုတ်ကို ပြောကြား
■ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ရေပန်းစားသူများတွင် ကွန်ပနီ ပါဝင်လာ