ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်များတွင် တင်းမာမှုများမြင့်တက်နေမှုအပေါ် စိုးရိမ်ကြောင်း ဖိလစ်ပိုင်က တရုတ်ကို ပြောကြား
ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်တွေမှာ တင်းမာမှုတွေမြင့်တက်နေမှုနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အန်းနရစ်မာနာလိုက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ ဧပြီ ၂၂ ရက်က မနီလာမြို့တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။