အမေရိကန်နှင့် ပြင်သစ်က ဆူဒန်ရှိ ၎င်းတို့၏သံရုံးဝန်ထမ်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

အမေရိကန်နှင့် ပြင်သစ်က ဆူဒန်ရှိ ၎င်းတို့၏သံရုံးဝန်ထမ်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်း
Published 25 April 2023

ပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံမှာ အမေရိကန်စစ်သားတွေဟာ ခါတွန်မြို့တော်မှာရှိတဲ့ ၎င်းတို့သံရုံးဝန်ထမ်းတွေကို ရဟတ်ယာဉ်နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ဧပြီ ၂၃ ရက်ကပြောကြားခဲ့ပြီး အခြားနိုင်ငံတွေကလည်း ၎င်းတို့နိုင်ငံသားတွေကို ဆူဒန်နိုင်ငံအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ရာမှာ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။