အီကွေဒေါဆိပ်ကမ်းမြို့ ဂွါရာကေးလ်တွင် ရန်ပြုတိုက်ခိုက်သူများက ပစ်ခတ်သဖြင့်အနည်းဆုံး လူ ၁၀ ဦးသေဆုံး
မူးယစ်အကြမ်းဖက်မှု မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ထားတဲ့ အီကွေဒေါဆိပ်ကမ်းမြို့ကြီး လည်းဖြစ်၊ စီးပွားရေးဗဟိုချက်လည်းဖြစ်တဲ့ ဂွါရာကေးလ်မြို့မှာ လက်နက်အများအပြားကိုင်ဆောင်ထားတဲ့ ရန်ပြုတိုက်ခိုက်သူ တွေက စက်ပြင်ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်လို့ ဧပြီ ၃၀ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။