မေ ၇ ရက်မနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)
■ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တိုအတွက် အကယ်ဒမီဆုများပေးအပ်ချီးမြှင့်ပွဲပြုလုပ်ခဲ့ပြီး အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုများကို မြင့်မြတ်၊စိုင်းစိုင်းခမ်းလှိင်၊ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊စိုးပြည့်သဇင်နှင့် ရွှေမှုန်ရတီတိုရရှိ
■ အမရပူရမြိုနယ် လဝကရုံးသို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိ
■ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ပါတီနှင့် မြိုတိုင်းရင်းသားပါတီတိုအား နိုင်ငံရေးပါတီအဖြစ် UEC က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၁၁ ပါတီရှိပြီဖြစ်
■ ဂျပန်တွင် အင်အားပြင်းငလျင်ကြောင့် လူတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့ပြီး နောက်ဆက်တွဲငလျင် ၅၀ ကျော် ထပ်မံ လှုပ်ခတ်
■ ခဲယမ်းပြတ်လပ်မှုများကြောင့် ဘတ်မွတ်တွင် ရုရှားလူ သောင်းချီသေဆုံးနေရသည့်ကိစ္စနှင့်ပတ်သက်၍ ဝက်ဂနာကြေးစားစစ်ဖက် ကုမ္ပဏီအကြီးအကဲက ရုရှားစစ်ခေါင်းဆောင်များကို ပြင်းထန်စွာ ဝေဖန်
■ လာမည့်ရာသီတွင်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ် စိန်ခေါ်နိုင်မည်ဟု ဝင်းဂါး သုံးသပ်