ကနေဒါနိုင်ငံအနောက်ပိုင်းတွင် အထိန်းအကွပ်မဲ့ တောမီး လောင်ကျွမ်းမှုကြောင့် လူ၂၅ဝဝဝ ထွက်ပြေးခဲ့ကြ
ကနေဒါနိုင်ငံအနောက်ပိုင်း၊ အယ်ဘာတာပြည်နယ်တစ်ဝန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် မေ ၆ ရက်က ပြည်နယ် အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ပြီး လူ ၂၅ဝဝဝ ခန့်က ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြကာ ထိပ်သီး တာဝန်ရှိသူတစ်ဦးက ဒီအခြေအနေကို မကြုံစဖူးအကျပ်အတည်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။