လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံနှင့် သထုံမြို့၊ဘင်လှိုင်ရပ်ကွက်တို့တွင် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့
မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်း သစ်ပင်တချို့ လဲကျ ခဲ့ပြီး ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်လမ်း မှာလည်း ဝါးဘိုးဝါးရုံ အမြစ်ကျွတ်ထွက် လဲကျမှုကြောင့် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းရပ်ကွက်နေပြည်သူတွေထံ က သိရပါတယ်။