ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းတွင် တစ်ဦးနှင့် ရခိုင်ပြည်နယ်၌ နှစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နစကထုတ်ပြန်
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေ မှာ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ခုနစ်ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူသုံးဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။