■ ငလျင်ဒဏ်ကြောင့် ရွှေ့ဆိုင်းခဲ့သည့် မအူပင်တက္ကသိုလ် အဝေးသင်ဘွဲနှင်းသဘင်အခမ်းအနားကို ဇွန် ၁၄ ရက်မှ ဇွန် ၁၆ ရက်တွင် လည်းကောင်း၊ နေ့သင်တန်းနောက်ဆက်တွဲစာမေးပွဲကို ဇွန် ၁၂ ရက်မှ ဇွန် ၁၇ ရက်အထိ ကျင်းပမည်
■ ကျပ် ၁၀ သိန်းနှင့်အောက် အောင်ဘာလေအွန်လိုင်းထီဆုငွေများကို အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် ပြန်လည် ထုတ်ပေး မည်ဖြစ်ပြီး အွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို ၅၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲနှင့်အတူ ပူးတွဲကျင်းပမည်
■ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ် ရောက်ရှိနိုင်
■ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်မှု ၇၃နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်ကာကွယ်ဆေးသုံးသန်း ထောက်ပံ့ပေးမည့်သဘောတူညီချက်အပါအဝင် သဘောတူညီချက် လေးခု လက်မှတ်ရေးထိုး
■ France Alps တွင်ဆီးရီးယား ဒုက္ခသည်က ဓားဖြင့်တိုက်ခိုက်သဖြင့် ကလေးလေးဦး ဒဏ်ရာရ
■ ကနေဒါတောမီးများမှ မီးခိုးများက ဝါရှင်တန်အပါအဝင် အမေရိကန်အရှေ့ပိုင်းရှိမြိုကြီးများကို မြူခိုးများ ပိတ်ဖုံးစေပြီး အမေရိကန် ပြည်သူ ၁၁၁ သန်းအတွက် လေထုသန့်စင်မှု သတိပေးချက်များထုတ်ပြန်
■ လီဗာပူးလ်နှင့်အတူ ဆုဖလားများ ရယူသွားလိုကြောင်း အယ်လစ္စတာ ပြော