ဇွန် ၁၁ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုဒေသမှ ဘုရား ၅ ဆူကို ပြန်လည်ပြင်ဆင်ပြီးမြောက်ခဲ့ပြီး ကျန် ၃ ဆူကို ဆက်လက်ပြုပြင်နေ
■ လားရှိးမြိုနယ်၊ ဟက်ကာကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မြေထိန်းနံရံအုတ်တံတိုင်း ပြိုကျပြီး လေးဦး သေဆုံး
■ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မကွေးတိုင်းက ၇၅ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် အောင်ချက်ရာခိုင်နှုန်း အများ ဆုံး ဖြစ်
■ တရုတ်သည် ကျူးဘားတွင် စပိုင်စခန်းတစ်ခုတည်ထောင်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်ကို ပြင်းထန်စွာဝေဖန်
■ ကိုလံဘီယာအမေဇုန်တောအတွင်း ရက် ၄၀ ကြာ ပျောက်ဆုံးနေသည့် ကလေးများကို အသက်ရှင်လျက်တွေ့ရှိ
■ ဇူလိုင်လထဲတွင် ဘီလာရုစ်တွင် စစ်မြေပြင်သုံးတာတိုပစ်နျူကလီးယားလက်နက်များကို စတင်ဖြန့်ကြက်မည်ဟု သမ္မတပူတင် ပြော ကြား