ဇနီးကို မုဒိန်းကျင့်ခဲ့သည်ဟုဆိုကာ မြန်မာအချင်းချင်း အုပ်စုဖွဲ့ သတ်ဖြတ်အလောင်းဖျောက်မှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား
ထိုင်းနိုင်ငံ၊ စမွန်စခွန်ပြည်နယ်မှာ မြန်မာလုပ်သားတစ်ဦးရဲ့ဇနီးကို မုဒိန်းကျင့်ခဲ့တယ်လို့ဆိုပြီး မြန်မာလုပ်သားဖြစ်သူ မျိုး အောင်ဆိုသူကို မြန်မာလုပ်သားတွေက အုပ်စုဖွဲ့ရိုက်နှက်ထိုးသတ်ကာ အလောင်းဖျောက်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။