မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သထုံမြို့ ရွှေစာရံစေတီတော် အနောက်ဘက်မုခ်အနီးရှိ ဗောဓိညောင်ပင်မှ ညောင်ကိုင်းများ ကျိုး ကျခဲ့ရာ လူနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး သာသနိကအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့
ဇွန်လ (၁၁) ရက် မွန်းလွဲပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သထုံမြို့ ရွှေစာရံစေတီတော် အနောက်ဘက် မုခ်အနီးမှာရှိတဲ့ ညောင်ပင်က ညောင်ကိုင်းတွေကျိုးကျမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ သာသနိကအဆောက် အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။