■ ကျုံအိတ်တံတား ယာယီဘေလီတံတားပြုလုပ်ရန် ပြင်ဆင်နေသည့်လုပ်ငန်းခွင် Drop Bomb ချ တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
■ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ မိုခါမုန်တိုင်းကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများပျက်စီးသွားသည့် မြိုနယ်ဆယ်မြိုနယ် အနက် ရှစ်မြိုနယ်တွင် ဓာတ်အားပြန်လည်ပေးနိုင်ပြီဖြစ်
■ ထားဝယ် - သရက်ချောင်းကားလမ်း၊ ညောင်ဇင်ကျေးရွာမူလတန်းကျောင်းအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ သည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့
■ အနောက်နိုင်ငံများက ယူကရိန်းထံ လက်နက်ပေးပိုမှု နှေးကွေးနေခြင်းက ရုရှားကိုတန်ပြန်ထိုးစစ်ဆင်ရာတွင် ကြန့်ကြာစေသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
■ အဖျက်အမှောင့်လုပ်ရပ်များရှိနေသည်ဆိုသော ဇာပိုရီရှားနျူကလီးယားစက်ရုံကို ထပ်မံဝင်ရောက်ခွင့်ပေးရန် IAEA တောင်းဆို
■ ရာသီဥတုပြောင်းလဲမှု၊ အယ်နီညိုတိုက ၂၀၂၃ ခုနှစ် ဇွန်လကို စံချိန်တင် အပူဆုံးလဖြစ်စေသည်ဟု ဥရောပသမဂ္ဂ (အီးယူ) ရာသီ ဥတုစောင့်ကြည့်ရေးအဖွဲ၏အဖွဲခွဲ CS3 ထုတ်ပြန်
■ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာကို ယူရို (၂၅)သန်းဖြင့် လေဗာကူဆင် ခေါ်ယူ ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။