■ ဇူလိုင် ၁၅ ရက်မနက်ခင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အာဆီယံက ထပ်မံရှုတ်ချပြီး ဘုံသဘောတူညီချက်ငါးရပ်ကို ထောက်ခံသည်ဟု အာဆီယံ၏ မြန်မာ့အရေးပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြ
■ ယခုနှစ်အတွင်း ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရန် လိုအပ်ချက်များရှိနေသေးကြောင်း နစက ဥက္ကဋ္ဌပြောကြား
■ ကျိုက်မရောမြိုနယ်၊ ကျွန်းရွာကျေးရွာဒေသခံတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
■ ဆီနီဂေါမြောက်ပိုင်း ကမ်းရိုးတန်းတွင် သစ်သားလှေ တိမ်းမှောက်သဖြင့် လူရှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ
■ ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းစစ်ပွဲကို ရှုးသွားပြီဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ပြောကြား၊ ယူကရိန်းကို ယခုအခါ နေတိုးအဖွဲထဲဝင်ခွင့်ပြုခြင်းသည် တတိယကမ္ဘာစစ်ဖြစ်ပွားမည့် အဓိပ္ပာယ်ဟု သုံးသပ်
■ ကိုဆိုဗိုပါလီမန်တွင်လွှတ်တော်အမတ်များ ထိုးကြိတ်မှုဖြစ်ပွားပြီး အတိုက်အခံများက ဝန်ကြီးချုပ်ကာတီကို ရေဖြင့် ပက်
■ အသင်းခေါင်းဆောင်ရာထူးကို မိမိကိုယ်တိုင်ရွေးချယ်သွားမည်ဟု တန်ဟက်ဂ် ပြောကြား