မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများရှင်းလင်းပြသခြင်းအခမ်းအနားကျင်းပခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် တပ်မတော်အငြိမ်းစားအရာရှိကြီးများ တက်ရောက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိတဲ့ ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးမှု အခြေအနေတွေ ရှင်းလင်းပြသခြင်းအခမ်းအနားကို ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့ပါတယ်။