ဇမိမြစ်ရေတိုးလာသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့ ရေဝင်ရောက်မှုရှိနေ
ဇမိမြစ်ရေတိုးလာတာကြောင့် ဇူလိုင်လ (၁၉) ရက် နံနက်အစောပိုင်းအချိန်ကစတင်ကာ ကြာအင်းဆိပ်ကြီးမြို့ရှိ အနိမ့် ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်မှုရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။