ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
- သီတဂူဆရာတော်ကြီး၊ ရွှေသုဝဏ်ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်(ငြိမ်း) ဘဒ္ဒန္တသီလာနန္ဒာဘိဝံသနှင့်ပါမောက္ခချုပ် ဆရာတော်ဘဒ္ဒန္တဆေကိန္ဒအပါအဝင် ဆရာတော်ကြီး ၂၆ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၅ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် - ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ K2 စားသောက်ဆိုင်တွင် ရဲတပ်သားတစ်ဦးနှင့်အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ - သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာလမ်းပေါ်တွင် ဓားကိုင်းသောင်းကျန်းနေသူ အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ - ယူကရိန်းအတွက် ဒေါ်လာသန်း ၄၀၀ တန်ကြေးရှိ စစ်ရေးအကူအညီသစ်ကို အမေရိကန် ကြေညာမည် - ဆိုးလ်မြို့တော်တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ - ဂရိနိုင်ငံတွင် ဇူလိုင် ၂၂ ရက်သည် နှစ်ပေါင်း ၅၀ အတွင်း အပူဆုံးဇူလိုင်သီတင်းပတ်ကုန်နေ့ ဖြစ်လာခဲ့ - သမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံးစာရင်း၏ အဆင့် (၆)နေရာကို မက်ဆီ ရောက်ရှိလာ ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။