ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ K2 စားသောက်ဆိုင်တွင် ရဲတပ်သားတစ်ဦးနှင့်အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်းဘေးမှာရှိတဲ့ K2 စားသောက်ဆိုင်မှာ ဇူလိုင်လ (၂၂) ရက် ည (၆) နာရီခန့်က ရဲတပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။