ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှ နုတ်ထွက်ကြောင်းနှင့် အာဏာကို သားဖြစ်သူအား လွှဲပြောင်းပေးအပ်ကြောင်း ကြေညာ
ကမ္ဘာ့သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သည့် ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဆယ်စုနှစ်လေးစုနီးပါးကြာ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ကြောင်းနှင့် အာဏာကို သူ့သားအကြီးဆုံးထံ လွှဲပြောင်းပေးအပ်ကြောင်း ဇူလိုင် ၂၆ ရက်က ကြေညာခဲ့သည်။