ဇူလိုင် ၂၈ ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)
■ ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို လည်ပတ်သုံးစွဲငွေများမျှတစွာရှိနေပြီး နှစ်သောင်းတန်ငွေစက္ကူသည် အထိမ်းအမှတ်ဖြင့်ထုတ်ခဲ့ ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်မည်မဟုတ်ကြောင်းနှင့် စီးပွားရေး ကမောက်ကမ ဖြစ်စေရန် နိုင်ငံရေးတိုက်ခိုက်မှုသာဖြစ် ကြောင်း နစကဥက္ကဋ္ဌပြောကြား
■ စားအုန်းဆီရည်ညွန်းလက်ကားဈေးမြင့်တက်သွားပြီးနောက် မော်လမြိုင်ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ကျပ် (၁၃၀၀၀) ကျော်အထိ ဈေးတက်
■ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းအတွင်းငါးရှာရင်း ဓါတ်လိုက်သေဆုံး
■ မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများကို ကင်ဂျုံအွန်က ရုရှားကာကွယ်ရေးဝန်ကြီးအား ထုတ်ဖော်ပြသ
■ နိုက်ဂျာသမ္မတအစောင့်တပ်က သမ္မတမိုဟာမက်ဘာဇွန်းကို ထိန်းသိမ်းလိုက်ပြီး နိုက်ဂျာအစိုးရအဖွဲကို ဖြုတ်ချကြောင်း ကြေညာ
■ နာပိုလီပရိသတ်များကို အမှတ်ရနေမည်ဟု ကင်မင်ဂျေးဆို