ထိုင်းသို့ ပြန်လည်ဝင်ရောက်မည့် အစီအစဉ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရွှေ့ဆိုင်း
ထိုင်းနိုင်ငံမှာ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရေးဟာ မတိုးသာမဆုတ်သာအခြေအနေကို ရောက်ရှိနေချိန်မှာ ဝန်ကြီးချုပ် ဟောင်းသက်ဆင်ဟာ လာမယ့် သီတင်းပတ်မှာ ထိုင်းကို ပြန်လာမယ့် သူ့ရဲ့အစီအစဉ်ကိုရွှေ့ဆိုင်းကြောင်း သြဂုတ် ၄ ရက်က ပြောကြားခဲ့ပါတယ်။