ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ငါးဦး ဒဏ်ရာ ရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ အတွင်းသို့ KIA အဖွဲ့နှင့် PDF များက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။