စစ်ရေးကြားဝင်မည်ဟူသော ခြိမ်းခြောက်မှုကြောင့် နိုက်ဂျာလေပိုင်နက်ကို ပိတ်လိုက်သည်ဟု နိုက်ဂျာစစ်အစိုးရက ထုတ်ပြန်
ဂျီဟတ်သောင်းကျန်းမှုဖြစ်ပွားနေသော ဆာဟယ်ဒေသတွင် နောက်ဆုံးဖြစ်ပွားသော အာဏာသိမ်းမှုက အာဖရိကနှင့် အနောက် အုပ်စုကို အလန့်တကြားဖြစ်စေခဲ့ပြီးနောက် အာဖရိကခေါင်းဆောင်များက နိုက်ဂျာစစ် အစိုးရကို အာဏာပြန်အပ်ရန်သို့မဟုတ် အင် အားအသုံးပြုမည့်အနေအထားကို ရင်ဆိုင်ရန် ဇူလိုင် ၃၀ ရက်တွင် အချိန်တစ်ပတ်ပေးထားခြင်းကို နိုက်ဂျာစစ်အစိုးရက အာခံလိုက်ပြီး စစ်ရေးကြားဝင်ရန် ခြိမ်းခြောက်မှုကြောင့်ဟုဆိုကာ နိုင်ငံ၏ လေပိုက်နက်ကို ပိတ်လိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။