တမံထိပ်မျက်နှာပြင်အက်ကြောင်းဖြစ်ပေါ်မှုနှင့် နိမ့်ကျခဲ့မှုဖြစ်ပေါ်ခဲ့သည့် တောင်နဝင်းတမံပြုပြင်ခြင်းလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီး ယခုနှစ်မတ်လအကုန် အပြီးဆောင်ရွက်မည်ဟုဆို
တမံထိပ်မျက်နှာပြင်အက်ကြောင်းဖြစ်ပေါ်မှုနဲ့ နိမ့်ကျခဲ့မှုဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့် စိုးရိမ်နေတဲ့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက တောင်နဝင်းတမံကို စက်ယန္တရားများစွာဖြင့်အရှိန်အဟုန်မြှင့် ပြုပြင်နေပြီး ယခုနှစ် မတ်လအကုန်မှာ အပြီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။