ရေကြီးနစ်မြုပ်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများရှိ
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဇူလိုင်လနောက်ဆုံးအပတ်အတွင်းမှ စတင်ကာ ဘီးလင်းမြစ်ရေ တိုးလာပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကအချို့ ပျက်စီးနေကြောင်း စပါးစိုက် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။