သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု )
- ဘီးလင်းမြစ်ရေ အနည်းငယ်ပြန်လည်လျော့ကျလာ၍ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် မော်တော်ယာဉ်များ ပြန်လည် ဖြတ်သန်းခွင့်ပြု
- သမိုင်းဝင်တောင်ပြုံးဆုတောင်းပြည့်ဆုတောင်းရမြတ်စွာဘုရား ဗုဒ္ဓပူဇနိယဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံး အရှင်နှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်
- အောင်ပန်းမြို့တွင် ကလေးငယ်တစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး
- နိုက်ဂျာနိုင်ငံရေးအကျပ်အတည်းကို ရုရှား၏ဝက်ဂနာကြေးစားစစ်သားများက အခွင့်ကောင်းယူနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သတိပေး
- ဆူဒန်တွင် လပေါင်းများစွာကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်သူ လေးသန်းကျော် ရှိလာ
- ထိုင်းဘုရင်၏ ဒုတိယမြောက်သားဖြစ်သူ ၂၇ နှစ်အကြာတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ
- ဘရူနိုဖာနန်ဒက်စ်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမှာ မှန်ကန်သည့်လုပ်ရပ်ဟု ဖာဒီနန် ထောက်ခံ ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။