ဆူဒန်တွင် လပေါင်းများစွာကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်သူ လေးသန်းကျော် ရှိလာ
ဆူဒန်နိုင်ငံရဲ့ လပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် နေအိမ်တွေကနေ ထွက်ပြေးပြီး ရွှေ့ပြောင်းနေထိုင်သူ လေးသန်းကျော်ရှိလာခဲ့ပြီး ၎င်းတို့ထဲက ၈၈၄၀၀၀ ကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။