မြဝတီဒေါနတောင်ကျော်လမ်း တောင်ပြိုသည့်နေရာနှင့် လမ်းပိုင်းပြတ်သည့်နေရာကြားတွင် ကုန်တင်ယာဉ် ၅၀ ကျော်ပိတ်မိနေ
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-ကော့ကရိတ်ဒေါနတောင်ကျော်လမ်း၊တောင်ပြိုသည့်နေရာနှင့် လမ်းပိုင်းပြတ်သည့်နေရာကြားတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်အပါအဝင် ၅၀ ကျော်ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။