မြောက်ကိုရီးယားနှင့် ရုရှားခေါင်းဆောင်တို့ အပြန်အလှန် သဝဏ်လွှာပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြု
ဩဂုတ် ၁၅ ရက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာဖြစ်သည့် KCNA က ဖော်ပြခဲ့သည်။