■ “ဖြိုးမင်းသိန်းဆီကနေ Patek Philippe နာရီကို သိန်း ၈၀၀ နဲ့ ပြန်ဝယ်ထားတဲ့သူနဲ့ကျွန်တော်နဲ့ စကားပြောထားတဲ့ အသံဖိုင်၊ နာရီရဲ့ပုံတွေ ကျွန်တော့်ဆီမှာ ရှိနေပါတယ်။ Eleven Media Group ရဲ့ ဂုဏ်သိက္ခာ ပြန်တည်ဆောက်ရေး အတွက် ကျွန်တော့်ဆီက အသံဖိုင်နဲ့ပုံတွေက အထောက်အပံ့ ဖြစ်မယ်ယူဆပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြန်တိုင်ရင် သက်သေ အသစ်ရမှာလည်းဖြစ်ပါတယ်”ဟု ဂျာနယ်လစ် တစ်ဦးက Eleven Media Group ထံ သတင်း ပေးပိုထားခဲ့သည်။
■ ..... ဖြိုးမင်းသိန်း လက်ထက်က၊ NLD လက်ထက်က ။ ဆိုတော့ ပြောချင်တာက တရားဝင် ရပ်တည်နေတဲ့ မီဒီယာကိုတောင် ဒီလို လုပ်ခဲ့ကြတာ။ NLD လက်ထက်က...။ အဲဒီတုန်းက ဖြိုးမင်းသိန်းက ပေးခဲ့တာက တကယ် ပေးခဲ့သလားဆိုတာ တကယ် ပေးခဲ့တယ်။ တကယ် ရှိခဲ့တယ်။ အဲဒီနာရီ ဖြိုးမင်းသိန်း ပြန်မအပ်ဘူး။ ပေးခဲ့တဲ့သူကလည်း မောင်ဝိတ်ပဲ။ မောင်ဝိတ်ပဲ။ မောင်ဝိတ် ပေးခဲ့တာ။ Patek Philippe ဘယ်နားက ဝယ်လဲ၊ သုံးလုံး သူ ဝယ်လာခဲ့တာ။ တစ်လုံးကို ဖြိုးမင်းသိန်းကို ပေးတာ။ နောက်နှစ်လုံးကတော့ ရောင်းစားသေးလား မသိဘူး။ ထားပါတော့။ ကျွန်တော်ကြားတာ သုံးလုံးလို ကြားတယ်။ အဲဒီတုန်းက ဖြိုးမင်းသိန်းကို တစ်လုံး ပေးလိုက်တာ။ ဒါ ရှင်းရှင်းလေး။ မောင်ဝိတ်ပေးတာ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတော့ မောင်ဝိတ်တိုက ထွက်ဆိုမှု မပြုတော့ဘူး။ ပတ်ပြေးနေတာ။ ပတ်ပြေးတော့ အဲဒီအချိန်က မောင်ဝိတ်က ဖြိုးမင်းသိန်းဆီကနေ စီမံကိန်း အကြီးကြီးတွေ ရထားတာလေဗျာ။ ရထားတော့ သူက ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ဒီလိုရထားတော့ စီမံကိန်း အကြီးကြီးတွေ ရထားတော့ သူက ဒီလိုအမှုမှာ Eleven ဘက်က သူထွက်ပေး လိုက်ရင် သူ့စီမံကိန်းတွေ ဖျက်သိမ်း ခံရမှာလေ။ အဲဒီတော့ သူကလည်း ရှင်းရှင်းလေး။ မထွက်ဘူး။ ရူးချင်ယောင် ဆောင်နေတယ်။ အခုတော့ နစကရဲ့ စစ်တပ်အစိုးရနဲ့ လည်းတွေ့ရော သွားရော၊ အဲဒီမှာ နိုင်ငံတော်သက်သေဖြစ်တယ် လုပ်တော့ သူ အေးဆေး ကွင်းလုံးကျွတ် လွတ်တယ်။ လူနပ်ချမ်းသာ ဆိုတာ အဲဒါကို ပြောတာ။ လူနပ်ချမ်းသာ။ ဒါကြောင့်လည်း သူချမ်းသာကြွယ် ဝတာ။ ပြောချင်တာက ဒါမျိုးတွေ NLD လက်ထက်က လုပ်ခဲ့ကြတယ်။ အဲဒါကို တရားသလား၊ မတရားဘူးလားလို ပြောရင်မတရားဘူးလို ပြောလိုရတယ်။ Eleven ကိစ္စဆို မတရားဘူးလို ကျွန်တော်တို ပြောလိုရတယ်။ ဒါပေမဲ့ Eleven ကိစ္စမှာ NLD ဘက်တော်သားတွေက Eleven ကို မှတ်ပြီလားဆိုပြီး ကိုင်ထည့်ပစ်လိုက်တာပဲ။ ပြောချင်တာက ကိုယ့်လက်ထဲမှာ ဥပဒေ ကိုင်ထားတဲ့အချိန် အာဏာကိုင်ထားတဲ့ အချိန်တုန်း က ထင်ရာစိုင်းခဲ့ကြတာ။ .....