ပို့အူပရင့်စ်မြို့တော်တွင် လူဆိုးဂိုဏ်း အဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၃၀ ခန့် သေဆုံး
ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်မှာ လူဆိုးဂိုဏ်းအဖွဲ့တစ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ ခန့် သေဆုံးခဲ့ ပြီး နောက်ထပ်လူပေါင်းဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဩဂုတ် ၁၇ ရက်မှာ ပြောကြား ခဲ့ပါတယ်။