လူ ၁၁၄ ဦးသေဆုံးခဲ့သည့် ဟာဝိုင်ယီတောမီးကြောင့် ဆိုးဆိုးရွားရွားပျက်စီးသွားသော လာဟိုင်နာမြို့ကို သမ္မတဂျိုးဘိုင်ဒင် ကြည့် ရှုကာ နယ်ခံများကို အားပေးစကားပြောကြား
နှစ်ပေါင်းတစ်ရာကျော်မှာ အမေရိကန်ပြည်ထောင်စု ကြုံတွေ့ခဲ့ရတဲ့အဆိုးရွားဆုံးတောမီးတွေလောင်ခဲ့တဲ့ ဟာဝိုင်ယီ မြင်ကွင်းကို သြဂုတ် ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒင်လိုက်လံကြည့်ရှုခဲ့ပြီး ကြောက်မက်ဖွယ်တောမီးတွေလောင်ရာမှာ အသက် မသေဘဲ ကျန်ရစ်သူတွေကို အစိုးရက ပစ်ထားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။