မန္တလေးတွင် နေအိမ်ရှေ့ ရေမြောင်းကိုကျော်လွန်၍ ဆောင်ရွက်ထားရှိမှုများမတ်လ ၁ ရက်နေ့ မှစ၍ စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းမည်
မန္တလေးမြို့အတွင်းနေအိမ်ရှေ့ ရေမြောင်းကိုကျော်လွန်ပြီးလမ်းပလက်ဖောင်းပေါ်မှာ ကျူးကျော် ဆောက်လုပ်ထားရှိမှုတွေကို မတ်လ ၁ ရက် နေ့ကစတင်ကာစီမံချက်နဲ့ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းတွေကိုမန္တလေးမြို့နယ် သုံးမြို့နယ်မှ စတင် ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။