အင်ဒိုနီးရှားတွင် အမှိုက်ပုံမီးလောင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ
အင်ဒိုနီးရှားရဲ့ လူဦးရေအသိပ်သည်းဆုံးဖြစ်တဲ့ ဂျာဗားပြည်နယ်မှာရှိတဲ့ အမှိုက်တွေစွန့်ပစ်တဲ့နေရာမှာ ရက်အနည်းငယ် ကြာ မီးလောင်ကျွမ်းခဲ့တာကြောင့် ထူထပ်ပြီး အနံ့အသက်ဆိုးရွားတဲ့မီးခိုးလုံးတွေ ထွက်ပေါ်လာကာ အနီးနားမှာရှိတဲ့ ဒေသခံတွေ ဟာ မီးခိုးတွေမွှန်ပြီး အသက်ရှူကြပ်ခဲ့တာကြောင့် ဒေသခံအာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ အရာရှိ တွေက သြဂုတ်လ ၂၅ ရက်က ပြောကြားခဲ့ပါတယ်။