နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်တိုင်းရင်းသားလူမျိုးဒုက္ခသည်များအားယခုထက်ပိုမို၍ အကူအညီအမြန်ဆုံးထောက်ပံ့ပေးရန်တိုက်တွန်းကြောင်းအဆိုအား ရခိုင်ပြည်နယ်လွှတ်တော်အတည်ပြု
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်လာကြရတဲ့ တိုက်ပွဲရှောင်တိုင်းရင်းသားလူမျိုးဒုက္ခသည်တွေကို အခုထက်ပိုမိုပြီးအကူအညီအမြန်ဆုံးထောက်ပံ့ပေးရန်ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကိုဖေဖော်ဝါရီလ၂၈ရက်နေ့ကကျင်းပတဲ့ရခိုင်ပြည်နယ်လွှတ်တော်မှာအတည်ပြုခဲ့ပါတယ်။