ပြည်တွင်းစက်သုံးဆီစျေးဖေဖော်ဝါရီလအတွင်း ပြန်မြင့်တက်လာပြီး စက်သုံးဆီအမျိုးအစားပေါ်မူတည်ကာ တစ်ဂါလံကျပ်၃ဝဝနီးပါး စျေးတက်
၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်းမှာစျေးကျဆင်းခဲ့တဲ့ ပြည်တွင်းစက်သုံးဆီစျေးမှာ၂၀၁၉ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ လအတွင်းမှာတော့ တစ်ဖြည်းဖြည်းပြန်လည်မြင့်တက်လာပြီးလက်ရှိိမှာစက်သုံးဆီအမျိုးအစားပေါ်မူတည်ကာတစ်ဂါလံကျပ် ၃၀၀ နီးပါးစျေးတက်လာတယ်လို့ ရန်ကုန်တိုင်းအတွင်းရောင်းချတဲ့ စျေးနှုန်းအချက်အလက်တွေအရသိရပါတယ်။