ပုဂံဒေသတွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မိုးရေချိန် ၂ ဒသမ ၈၇ လက်မ ရွာသွန်းခဲ့သောမိုးကြောင့် ရွှေစည်းခုံနှင့် အာနန္ဒာစေတီတော်ရင်ပြင်တွင် ရေဝင်ရောက်ခဲ့
ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ညောင်ဦးခရိုင်၊ ပုဂံဒေသမှာ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်း မိုးရေချိန် ၂ ဒသမ ၈၇ လက်မ ရွာသွန်းခဲ့တဲ့မိုးကြောင့် ရွှေစည်းခုံနဲ့ အာနန္ဒာရင်ပြင်တော်မှာ ရေဝင်ရောက်မှုရှိခဲ့ပြီး အရေးပေါ်တုံ့ပြန်မှုအစီ အစဉ်ဖောက်လုပ်ထားတဲ့ ရေမြောင်းတွေကြောင့် မိုးရေက စူဠာမဏိဘုရားမှာတော့ ရေဝပ်ခြင်းမရှိခဲ့ဘူးလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ကနေ သိရပါတယ်။