ရွှေတိဂုံစေတီတော်အပါအဝင် တန်ခိုးကြီးဘုရား၊စေတီ၊ပုထိုးများတွင် သက်ဆိုင်ရာဘုရားများ၏ အကြောင်းအရာသမိုင်းများကို အလွယ် တကူသိရှိနိုင်ရန် ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်မည်
ရွှေတိဂုံစေတီတော်အပါအဝင် တန်ခိုးကြီးဘုရား၊စေတီ၊ပုထိုးတွေမှာ သက်ဆိုင်ရာဘုရားတွေရဲ့ အကြောင်းအရာ သမိုင်း တွေကို အလွယ်တကူသိရှိနိုင်ဖို့ ခေတ်မီနည်းပညာတွေ အသုံးပြုဆောင်ရွက်မယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောပါတယ်။